စကားပြောရန်အချိန်တန်

လမ်းပြေပြေထက်
သူ့ မြင်းကိုအရှိန်သတ်လို့ 
လှမ်းခေါ်တဲ့ သူငယ်ချင်း
ရပ်မနေတော့တဲ့ငါ
ဆက်တူးရမဲ့ ကမူတွေကိုမကြည့်နေတော့
ပြန်သာအော်ထူးမိ။
ဘာတုန်း။
မဖြစ်သေးတာ
စကားဖွဲ့ စရာအချိန်ကနတ္တိ
မြေပြန့် မှာပေါက်ကာချ
ပေါက်တူးကငါးပေရှည်
အသွားတွေကမိုးပေါ်ထောင်
တွေ့ ဖို့ ရာသူငယ်ချင်း
ခြေကိုလေးလေးဆွဲကန်ရင်း
ကျောက်စည်းရိုးဆီလှမ်းမိခြင်း
(A Time to Talk by Robert Front ကိုဘာသာပြန်သည်။)