Monday, November 16, 2009

ငါအသက်ရခဲ့သော်



ကြာခဲ့ပြီ..
ငါ့ရဲ့ အိပ်မက်တွေကိုမေ့ပျောက်သလောက်ရှိတာ
ငါ့ရဲ့ ရှေ့မှာနေလိုတောက်ပသော ငါ့အိပ်မက်။
ပြီးတော့အိပ်မက်နဲ့ ငါ့ကြားမှာနံရံတစ်ချပ်
တဖြည်းဖြည်းနဲ့ ဆီးကာလို့ 
ကောင်းကင်ထိအောင်ထိုးတက်လို့ 
ဒီနံရံ
ငါ့အရိပ်
ငါ့အမှောင်
ငါအရိပ်ထဲမှာငါ့ရဲ့ အိပ်မက်အရောင်တွေ
ငါ့ရှေ့မှာမရှိတဲ့အထိအိပ်စက်မယ်
ငါ့အပေါ်မှာ
ဒီနံရံ
ဒီအရိပ်
ငါ့လက်
ငါ့ရဲ့ အမှောင်လက်
နံရံကိုဖောက်ထွင်း
ငါ့ရဲ့ အိပ်မက်ကိုရှာဖွေလို့ 
ဒီအမှောင်ထုကိုထိုးခွင်းဖို့ ကူညီကြပါ
ဒီညကိုရိုက်ချိုးဖို့ 
ဒီအရိပ်ကိုထိုးဖောက်ဖို့ 
ရာထောင်ချီတဲ့နေရောင်ခြည်အလင်းဆီသို့ 
ရာထောင်ချီလူးလားနေတဲ့နေရာင်ထဲကအိပ်မက်များဆီသို့ 

(As I grew older - Langston Hughes) ကိုဘာသာပြန်သည်။

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home