Poems by stardoor

Friday, December 4, 2009

နှင်းမှုန်ကြားမှာတွေဝေမိခြင်း

ကျီးကန်းတွေအော်သံ
မှန်မှန်ကြားနေရတဲ့ ဒီအခန်း
ငါလွမ်းပြီး ပိတ်မိနေတယ်။
မှားခြင်းမှန်ခြင်း မျဉ်းတစ်ကြောင်းက
ငါ့ရင်ဘတ်ကိုကန့် လန့် ဖြတ်လို့ 
မချိုမြိန်တဲ့ချစ်သူ့ စကား
နားထဲမှာပဲ့တင်ထပ်လို့ 
အလွှာပေါင်းများစွာရစ်ဖွဲ့ သီ။
ဒီရာသီ ဒီဆေး မတည့်သေးတော့လည်း
ဒီဆောင်းထဲမှာခံဦးပေါ့။
ရင်နာတယ်။
မျှော်လင့်ခြင်းနဲ့ မျှော်လင့်သူ
ထပ်တူမကျတဲ့ဆုံးဖြတ်ချက်တွေ
ကံဆိုးတွေကျေပါစေတော့
ဘုရားမှာဆုတောင်းဖူးတာလဲမပြည့်
နေ့ တွေမှာကြောင်တောင်တောင်ဖြစ်နေရတဲ့ကောင်ပါ။
ချစ်သူနဲ့ သီခဲ့ဖူးသောကဗျာကိုပြန်ဆိုရင်း
ဒီနှင်းမှုန်ကြားမှာတွေဝေမိခြင်း။