Sunday, May 15, 2011

အရူးတပိုင်းဖြစ်နေသော ဂျိန်းန် သင်းအုပ်ဆရာနှင့်စကားပြောခြင်း



ငါလမ်းမှာသင်းအုပ်ဆရာနဲ့ ဆုံတယ်

သူက အသင့်ရင်သားတွေဟာပြားချပ်လို့ တွဲလွဲကျနေပြီ

သွေးကြောတွေဟာလည်းမကြာမှီခန်းခြောက်တော့မည်

ဒီညစ်နွမ်းစုတ်ပြတ်တဲ့နေရာအစား ကောင်းကင်ဘုံခြံဝန်းမှာနေပါတော့တဲ့။


ပြေပြစ်ခြင်းဟာစုတ်ပြတ်ခြင်းရဲ့ အဆွေအမျိုးပါလေ

ပြေပြစ်ခြင်းအတွက်ညစ်နွမ်းခြင်းရှိရသည် လို့ ငါအော်လိုက်တယ်။

ငါ့မိတ်ဆွေတွေသေကုန်ကြပြီဆိုတဲ့ အမှန်တရားကို

ဘယ်ကုတင် ဘယ်အုတ်ဂူမျှမငြင်း။

မစွမ်းသောကိုယ်၊ ဂုဏ်ယူဖွယ်နှလုံးသားတို့ နဲ့ သိခဲ့ရခြင်းပါ။


ချစ်မိခြင်းဟာအမျိုးသမီးကို ဂုဏ်မောက်လို့ တောင့်နေစေနိုင်တယ်

သို့ ပေမယ့် ချစ်ခြင်းဟာသူ့ ရဲ့ ခြံဝန်းကိုလူသားရဲ့ အညစ်အကြေးစွန့် ရာနေရာမှာတူးဖေါ်တယ်။

ဒါကြောင့်မခံစားမဆုတ်ဖြဲပဲနဲ့ ဘယ်အရာမှ မဖြစ်လာနိုင်ပါ သင်းအုပ်ဆရာ။

(W.B Yeats ၏ Crazy Jane talks with Bishop ကိုဘာသာပြန်သည်)


Crazy Jane talks with Bishop


I met the Bishop on the road
And much said he and I.
'Those breasts are flat and fallen now,
Those veins must soon be dry;
Live in a heavenly mansion,
Not in some foul sty.'

'Fair and foul are near of kin,
And fair needs foul,' I cried.
'My friends are gone, but that's a truth
Nor grave nor bed denied,
Learned in bodily lowliness
And in the heart's pride.

'A woman can be proud and stiff
When on love intent;
But Love has pitched his mansion in
The place of excrement;
For nothing can be sole or whole
That has not been rent.'


0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home