Poems by stardoor

Sunday, May 15, 2011

အရူးတပိုင်းဖြစ်နေသော ဂျိန်းန် သင်းအုပ်ဆရာနှင့်စကားပြောခြင်း



ငါလမ်းမှာသင်းအုပ်ဆရာနဲ့ ဆုံတယ်

သူက အသင့်ရင်သားတွေဟာပြားချပ်လို့ တွဲလွဲကျနေပြီ

သွေးကြောတွေဟာလည်းမကြာမှီခန်းခြောက်တော့မည်

ဒီညစ်နွမ်းစုတ်ပြတ်တဲ့နေရာအစား ကောင်းကင်ဘုံခြံဝန်းမှာနေပါတော့တဲ့။


ပြေပြစ်ခြင်းဟာစုတ်ပြတ်ခြင်းရဲ့ အဆွေအမျိုးပါလေ

ပြေပြစ်ခြင်းအတွက်ညစ်နွမ်းခြင်းရှိရသည် လို့ ငါအော်လိုက်တယ်။

ငါ့မိတ်ဆွေတွေသေကုန်ကြပြီဆိုတဲ့ အမှန်တရားကို

ဘယ်ကုတင် ဘယ်အုတ်ဂူမျှမငြင်း။

မစွမ်းသောကိုယ်၊ ဂုဏ်ယူဖွယ်နှလုံးသားတို့ နဲ့ သိခဲ့ရခြင်းပါ။


ချစ်မိခြင်းဟာအမျိုးသမီးကို ဂုဏ်မောက်လို့ တောင့်နေစေနိုင်တယ်

သို့ ပေမယ့် ချစ်ခြင်းဟာသူ့ ရဲ့ ခြံဝန်းကိုလူသားရဲ့ အညစ်အကြေးစွန့် ရာနေရာမှာတူးဖေါ်တယ်။

ဒါကြောင့်မခံစားမဆုတ်ဖြဲပဲနဲ့ ဘယ်အရာမှ မဖြစ်လာနိုင်ပါ သင်းအုပ်ဆရာ။

(W.B Yeats ၏ Crazy Jane talks with Bishop ကိုဘာသာပြန်သည်)


Crazy Jane talks with Bishop


I met the Bishop on the road
And much said he and I.
'Those breasts are flat and fallen now,
Those veins must soon be dry;
Live in a heavenly mansion,
Not in some foul sty.'

'Fair and foul are near of kin,
And fair needs foul,' I cried.
'My friends are gone, but that's a truth
Nor grave nor bed denied,
Learned in bodily lowliness
And in the heart's pride.

'A woman can be proud and stiff
When on love intent;
But Love has pitched his mansion in
The place of excrement;
For nothing can be sole or whole
That has not been rent.'


Saturday, May 14, 2011

ဘိုင်ဇမ်တီယမ်သို့ ရွက်လွှင့်ခြင်း

လူအိုများအတွက်တိုင်းပြည်မရှိ

လူငယ်တွေကတော့လက်ချင်းယှက်လို့ 

ငှက်တွေ … မျိုးတုန်းတော့မယ့်ငှက်တွေက သီချင်းတွေကျူးရင့်လို့ 

နွေရာသီ တစ်လျှောက် ဆယ်လမွန်တို့ ရေတံခွန်တွေ၊ ငါးကွန်းရှုပ်အပြည့်နဲ့ ပင်လယ်တွေ

ငါးတွေ၊ အသားတွေ၊ ကြက်ဘဲတွေ သားပေါက်ကြ ။ မွေးကြ ။ သေကြ။


ရစ်မှုးစေတဲ့ဂီတမှာတွယ်မိနေကြလို့ 

မအိုမင်းတတ်တဲ့အရာ-အသိပညာအထိမ်းအမှတ်ကိုမျက်ကွယ်ပြုကြတယ်


သက်ရင့်သူဟာအရေးမပါတော့

သူ့ ရဲ့ အသက်ဝတ်ရုံပေါ်ကအစုတ်အပြဲတွေအတွက် နှလုံးသားကလက်ခုပ်တီးလို့ 

သီချင်းကိုအော်လို့ မသီဆိုရင် … သစ်ချောင်းပေါ်ကအ၀တ်စုတ်တစ်ခုပါလေ


သီချင်းသင်ရာကျောင်းလဲမရှိတော့ ကိုယ့်ခမ်းနားမှု အထိမ်းအမှတ်ကို ကိုယ်ပြန်ကြည့်ဖို့ 

ငါရွက်လွှင့်ခဲ့သည် ကြီးမြတ်သောမြို့  ဘိုင်ဇမ်တီယမ်။


ရွှေမှန်စီချပ်တွေထဲကလို ဘုရားသခင်ရဲ့ သန့် ရှင်းသောမီးလျံတွင်ရပ်နေကြသောပညာရှိတို့ 

လည်ပတ်တောက်ပနေတဲ့သန့် ရှင်းသောမီးလျှံကထွက်လာလို့ 

အကျွန့် ကိုသီချင်းသင်သောဆရာများဖြစ်လှည့်ပါ။


မသိလို့ မဟုတ် ..

ဖြစ်ချစ်စိတ်တွေများလွန်းသော သေအဲ့ဆဲဆဲသတ္တ၀ါမှာချည်ထားတဲ့ အကျွန့် နှလုံးကိုဖမ်းစားပါ။ လက်ရာမြောက်လှတဲ့အဆုံးမဲ့နေရာကိုခေါ်သွားပါ။


ငါ့ရဲ့ ရုပ်ခန္ဓာကိုဘယ်အခါမှ သဘာဝတရားကနေမယူတော့။

ဂရိပန်းထိမ်ဆရာ တူနဲ့ ရိုက်ထားသောရွှေ၊ ကွပ်ထားသောရွှေ နဲ့ ခန္ဓာကိုယ်ကိုရခဲ့ရင်တော့

အိပ်ငိုက်လုပြည်ထောင်ရှင်ကိုဖျော်ဖြေဖို့ ရွှေသစ်ကိုင်းမှာထိုင်လို့  ဘိုင်ဇမ်တီရမ်ရဲ့  အရှင်နဲ့ ကြင်ရာတော်များသို့  ဖြစ်ပြီးသော၊ ဖြစ်နေသော၊ ဖြစ်လုသော အရာများရဲ့  သီချင်းကိုဆိုမယ်။


(Sailing to Byzantium by W.B Yeat
ကိုဘာသာပြန်သည်။)


Sailing to Byzantium

That is no country for old men. The young
In one another's arms, birds in the trees
- Those dying generations - at their song,
The salmon-falls, the mackerel-crowded seas,
Fish, flesh, or fowl, commend all summer long
Whatever is begotten, born, and dies.
Caught in that sensual music all neglect
Monuments of unageing intellect.

An aged man is but a paltry thing,
A tattered coat upon a stick, unless
Soul clap its hands and sing, and louder sing
For every tatter in its mortal dress,
Nor is there singing school but studying
Monuments of its own magnificence;
And therefore I have sailed the seas and come
To the holy city of Byzantium.

O sages standing in God's holy fire
As in the gold mosaic of a wall,
Come from the holy fire, perne in a gyre,
And be the singing-masters of my soul.
Consume my heart away; sick with desire
And fastened to a dying animal
It knows not what it is; and gather me
Into the artifice of eternity.

Once out of nature I shall never take
My bodily form from any natural thing,
But such a form as Grecian goldsmiths make
Of hammered gold and gold enamelling
To keep a drowsy Emperor awake;
Or set upon a golden bough to sing
To lords and ladies of Byzantium
Of what is past, or passing, or to come.

ဆယ်လီပန်းခြံထဲမှာ



ဆယ်လီပန်းခြံထဲမှာချစ်သူနဲ့ အတူတွေ့ ခဲ့ရ
နှင်းပွင့်လိုဖြူတဲ့ခြေဖ၀ါးလေးတွေနဲ့ ဆယ်လီပန်းခြံကိုသူဖြတ်လာခဲ့
ချစ်ခြင်းကိုစိတ်မလေးပါနဲ့  သစ်ပင်ဆိုသစ်ရွက်တော့ရှိနေမှာပါတဲ့
ငယ်ရွယ်ရူးသွပ်တဲ့ငါ လက်မခံနိုင်ခဲ့

မြစ်နံဘေးကလွင်ပြင်မှာချစ်သူနဲ့ အတူရပ်ခဲ့ကြ
နှင့်ပွင့်လိုဖြူတဲ့လက်ဖ၀ါးလေးတွေကို ငါ့ပုခုံးပေါ်မှာသူတင်တယ်
ဘ၀အတွက်ရင်မလေးပါနဲ့  ရေတံခါးမှာမှာရှင်နေတဲ့မြက်ပင်တွေလိုပါတဲ့
ငယ်ရွယ်ရူးသွပ်ပြီး လက်မခံနိုင်ခဲ့တဲ့ငါ အခုတော့မျက်ရည်များစွာနဲ့ ပါ။

(Down by the Salley Gardens by W.B Yeats ကိုဘာသာပြန်သည်)

Down by the salley gardens
Down by the salley gardens my love and I did meet;
She passed the salley gardens with little snow-white feet.
She bid me take love easy, as the leaves grow on the tree;
But I, being young and foolish, with her would not agree.
In a field by the river my love and I did stand,
And on my leaning shoulder she laid her snow-white hand.
She bid me take life easy, as the grass grows on the weirs;
But I was young and foolish, and now am full of tears.