Poems by stardoor

Tuesday, August 14, 2012

နင်ငါ့ကိုမေ့သွားရင်

   

နင်ငါ့ကိုမေ့သွားရင်



ငါမင်းကိုတစ်ခုသိစေချင်တယ်
မင်းသိပါတယ်
တကယ်လို့  တဖြည်းဖြည်းလွှမ်းခြုံတဲ့ ရွက်ကြွေချိန် ပြတင်းပေါက်ကနေ
သစ်ကိုင်းအနီပေါ်က လမင်းကို ငါတွေ့ လိုက်ရင်
တကယ်လို့ ဆုပ်ကိုင်မရတဲ့ မီးတောက်နားက ပြာမှုံတွေ
ဒါမှမဟုတ် အရေပြားတွန့် နေတဲ့ သစ်လုံး ကိုထိကြည့် မယ်ဆို
ဒါတွေအားလုံးငါ့ကိုမင်းဆီသယ်ဆောင်လာမှာပေါ့။

ရှိနေတဲ့အရာအားလုံးပေါ့
အနံ့  အလင်းရောင် သတ္တု
အားလုံးဟာ
မင်းရှိရာကျွန်းဆီသယ်ဆောင်သော
လှေငယ်လေးတွေပါ။

အခုတော့
မင်းငါ့ကိုတစ်ဖြေးဖြေးနဲ့ မချစ်တော့ရင်
ငါနင့်ကိုတစ်ဖြေးဖြေးမချစ်တော့ပါ။

မင်းငါ့ကိုရုတ်တရင်မေ့သွားလို့ 
ငါ့ကိုမရှာတော့တဲ့အခါ
ငါလည်းနင့်ကိုမေ့သွားလောက်ပါပြီ။

ငါ့ဘ၀တလျှောက်က လေမှာလွင့်တဲ့ အလံတွေကို
ကြာပြီးရူးသွပ်တယ်ထင်ရင်
ငါ့နှလုံးသား အမြစ်တည်ရာ ကမ်းခြေမှာထားခဲ့ပေါ့
အဲဒီနေ့ အဲဒီအချိန်တွေကိုမှတ်ထားပါ။
ငါ ငါ့ရဲ့ လက်တွေကိုမြှောက်လို့ 
ငါ့အမြစ်တွေဟာနေရာသစ်ဆီသွားကြလိမ့်မယ်။

ဒါပေမဲ့ တားဆီးမရတဲ့ချိုမြိန်ခြင်းတွေနဲ့ အတူ
နင်ဟာငါ့အတွက်လို့ နင်ထင်ခဲ့ရင်
နေတိုင်းပန်းပွင့်တွေက နင့်နှုတ်ခမ်းပါးပေါ်တွယ်တက်လို့ 
ငါ့ကိုရှာကြရင်
ငါ့ချစ်သူ ငါ့ရဲ့ ပိုင်ဆိုင်ခြင်း
အစဉ်မြဲတောက်လောင်သာမီး ငါ့ဆီမှာ
ငြိမ်းမရ မေ့မရသောအရာများငါ့ဆီမှာ
မင်းရဲ့ အချစ်ပေါ်မှာရှင်သန်ရခြင်းပါ ချစ်သူ
ငါ့ဆီကထွက်မသွားပဲ မင်းရဲ့ ရှင်သန်ချိန်တိုင်းမင်း ရင်ခွင်မှာ။

Pablo Neruda ၏ If You Forget Me ကို Christopher Zaw Htut Win ဘာသာပြန်သည်။

Original Poem
                                                   If You Forget Me

I want you to know
one thing.

You know how this is:
if I look
at the crystal moon, at the red branch
of the slow autumn at my window,
if I touch
near the fire
the impalpable ash
or the wrinkled body of the log,
everything carries me to you,
as if everything that exists,
aromas, light, metals,
were little boats
that sail
toward those isles of yours that wait for me.

Well, now,
if little by little you stop loving me
I shall stop loving you little by little.

If suddenly
you forget me
do not look for me,
for I shall already have forgotten you.

If you think it long and mad,
the wind of banners
that passes through my life,
and you decide
to leave me at the shore
of the heart where I have roots,
remember
that on that day,
at that hour,
I shall lift my arms
and my roots will set off
to seek another land.

But
if each day,
each hour,
you feel that you are destined for me
with implacable sweetness,
if each day a flower
climbs up to your lips to seek me,
ah my love, ah my own,
in me all that fire is repeated,
in me nothing is extinguished or forgotten,
my love feeds on your love, beloved,
and as long as you live it will be in your arms
without leaving mine.

Pablo Neruda

Sunday, August 5, 2012

အိမ်ထဲကအနိစ္စ




သူတို့ ခေါ်တာကတော့လေဖြတ်ခြင်း
ငါတို့ ချစ်ရတဲ့နှစ်ယောက် တုန့် ဆိုင်းရင်း
အဲဒီတုတ်နဲ့ ရိုက်ချက်ကို
ပုဆိန်နဲ့ မျက်ခုံးကိုခုတ်သလို
လောက ကပျောက်ဆုံးသွား၊
ငါတို့ အသိုင်းအ၀ိုင်းကိုချိနဲ့ စွာစွန့် ခွာထား။

တယောက်က ….
လက်လှမ်းမှီရာကပျောက်ဆုံးတာ
ရေတွက်မိတော့ ငါးလကြာ
စကားမပြောနိုင်၊ သူ့ အလှ၊
စဉ်းစားဥာဏ်၊ ကျက်သရေ အားလုံးပျောက်ရှခဲ့ရ။
သူ့ ရဲ့ မျက်လုံးစိမ်းတွေက ငါတို့ တို့ ကိုစိုက်ကြည့်နေပုံဆို
မေးနေသလို၊ သိနေသလို ၊ သူ့ ပိုင်ဆိုင်ခြင်းတွေလို ။
တညတော့သူ မေ့မျောသွား။
သနားတတ်ခြင်းစက်သွားဘီးတွေက သူ့ ကိုပြန်ခေါ်လာခဲ့ ထား။
တဖြေးဖြေး ဆုံးပါးသွား စေချင်သည့်ပမာ။
အဲဒီလိုနဲ့ အချိန်တော်ကြာ
နောက်ဆုံးတော်တော်ကြာလာတော့
သူလွတ်မြောက်သွားရှာပေါ့။

သိုးထိန်းခွေး ကံ က ပိုကောင်းသည့်ပမာ
အဆင့်နိမ့်သတ္တ၀ါ ဖြစ်ပေမယ့်သူ့ မှာ
တရက်သာခံစားရ
လူးလှိမ့် မေ့မြောသူ့ ဘဝ
အညိုရောင်မျက်ဝန်းတစုံမှာ
အကူအညီတောင်းခံနေသည့်ပမာ
သူ့ ကိုမတင်စားပွဲပေါ်ချ
အသာကလေးပုတ်ပေးရ
ဘုရားစာလေးရွတ်ပေးတော့
သူ့ မှာလွတ်မြောက်ရရှာပေါ့။

  
Death in the Family
They call it stroke.
Two we loved were stunned
by that same blow of cudgel
or axe to the brow.
Lost on the earth
they left our circle
broken.


One spent five months
falling from our grasp
mute, her grace, wit,
beauty erased.
Her green eyes gazed at us
as if asking, as if aware,
as if hers. One night
she slipped away;
machinery of mercy
brought her back
to die more slowly.
At long last
she escaped.


Our collie dog
fared better.
A lesser creature, she
had to spend only one day
drifting and reeling,
her brown eyes
beseeching. Then she
was tenderly lifted,
laid on a table,
praised, petted
and set free.

                                  Julie Hill Alger

Friday, August 5, 2011

စကားပြောရန်အချိန်တန်



လမ်းပြေပြေထက်
သူ့ မြင်းကိုအရှိန်သတ်လို့ 
လှမ်းခေါ်တဲ့ သူငယ်ချင်း

ရပ်မနေတော့တဲ့ငါ
ဆက်တူးရမဲ့ ကမူတွေကိုမကြည့်နေတော့
ပြန်သာအော်ထူးမိ။

ဘာတုန်း။

မဖြစ်သေးတာ
စကားဖွဲ့ စရာအချိန်ကနတ္တိ

မြေပြန့် မှာပေါက်ကာချ
ပေါက်တူးကငါးပေရှည်
အသွားတွေကမိုးပေါ်ထောင်

တွေ့ ဖို့ ရာသူငယ်ချင်း
ခြေကိုလေးလေးဆွဲကန်ရင်း
ကျောက်စည်းရိုးဆီလှမ်းမိခြင်း

(A Time to Talk by Robert Front ကိုဘာသာပြန်သည်။)

Sunday, May 15, 2011

အရူးတပိုင်းဖြစ်နေသော ဂျိန်းန် သင်းအုပ်ဆရာနှင့်စကားပြောခြင်း



ငါလမ်းမှာသင်းအုပ်ဆရာနဲ့ ဆုံတယ်

သူက အသင့်ရင်သားတွေဟာပြားချပ်လို့ တွဲလွဲကျနေပြီ

သွေးကြောတွေဟာလည်းမကြာမှီခန်းခြောက်တော့မည်

ဒီညစ်နွမ်းစုတ်ပြတ်တဲ့နေရာအစား ကောင်းကင်ဘုံခြံဝန်းမှာနေပါတော့တဲ့။


ပြေပြစ်ခြင်းဟာစုတ်ပြတ်ခြင်းရဲ့ အဆွေအမျိုးပါလေ

ပြေပြစ်ခြင်းအတွက်ညစ်နွမ်းခြင်းရှိရသည် လို့ ငါအော်လိုက်တယ်။

ငါ့မိတ်ဆွေတွေသေကုန်ကြပြီဆိုတဲ့ အမှန်တရားကို

ဘယ်ကုတင် ဘယ်အုတ်ဂူမျှမငြင်း။

မစွမ်းသောကိုယ်၊ ဂုဏ်ယူဖွယ်နှလုံးသားတို့ နဲ့ သိခဲ့ရခြင်းပါ။


ချစ်မိခြင်းဟာအမျိုးသမီးကို ဂုဏ်မောက်လို့ တောင့်နေစေနိုင်တယ်

သို့ ပေမယ့် ချစ်ခြင်းဟာသူ့ ရဲ့ ခြံဝန်းကိုလူသားရဲ့ အညစ်အကြေးစွန့် ရာနေရာမှာတူးဖေါ်တယ်။

ဒါကြောင့်မခံစားမဆုတ်ဖြဲပဲနဲ့ ဘယ်အရာမှ မဖြစ်လာနိုင်ပါ သင်းအုပ်ဆရာ။

(W.B Yeats ၏ Crazy Jane talks with Bishop ကိုဘာသာပြန်သည်)


Crazy Jane talks with Bishop


I met the Bishop on the road
And much said he and I.
'Those breasts are flat and fallen now,
Those veins must soon be dry;
Live in a heavenly mansion,
Not in some foul sty.'

'Fair and foul are near of kin,
And fair needs foul,' I cried.
'My friends are gone, but that's a truth
Nor grave nor bed denied,
Learned in bodily lowliness
And in the heart's pride.

'A woman can be proud and stiff
When on love intent;
But Love has pitched his mansion in
The place of excrement;
For nothing can be sole or whole
That has not been rent.'


Saturday, May 14, 2011

ဘိုင်ဇမ်တီယမ်သို့ ရွက်လွှင့်ခြင်း

လူအိုများအတွက်တိုင်းပြည်မရှိ

လူငယ်တွေကတော့လက်ချင်းယှက်လို့ 

ငှက်တွေ … မျိုးတုန်းတော့မယ့်ငှက်တွေက သီချင်းတွေကျူးရင့်လို့ 

နွေရာသီ တစ်လျှောက် ဆယ်လမွန်တို့ ရေတံခွန်တွေ၊ ငါးကွန်းရှုပ်အပြည့်နဲ့ ပင်လယ်တွေ

ငါးတွေ၊ အသားတွေ၊ ကြက်ဘဲတွေ သားပေါက်ကြ ။ မွေးကြ ။ သေကြ။


ရစ်မှုးစေတဲ့ဂီတမှာတွယ်မိနေကြလို့ 

မအိုမင်းတတ်တဲ့အရာ-အသိပညာအထိမ်းအမှတ်ကိုမျက်ကွယ်ပြုကြတယ်


သက်ရင့်သူဟာအရေးမပါတော့

သူ့ ရဲ့ အသက်ဝတ်ရုံပေါ်ကအစုတ်အပြဲတွေအတွက် နှလုံးသားကလက်ခုပ်တီးလို့ 

သီချင်းကိုအော်လို့ မသီဆိုရင် … သစ်ချောင်းပေါ်ကအ၀တ်စုတ်တစ်ခုပါလေ


သီချင်းသင်ရာကျောင်းလဲမရှိတော့ ကိုယ့်ခမ်းနားမှု အထိမ်းအမှတ်ကို ကိုယ်ပြန်ကြည့်ဖို့ 

ငါရွက်လွှင့်ခဲ့သည် ကြီးမြတ်သောမြို့  ဘိုင်ဇမ်တီယမ်။


ရွှေမှန်စီချပ်တွေထဲကလို ဘုရားသခင်ရဲ့ သန့် ရှင်းသောမီးလျံတွင်ရပ်နေကြသောပညာရှိတို့ 

လည်ပတ်တောက်ပနေတဲ့သန့် ရှင်းသောမီးလျှံကထွက်လာလို့ 

အကျွန့် ကိုသီချင်းသင်သောဆရာများဖြစ်လှည့်ပါ။


မသိလို့ မဟုတ် ..

ဖြစ်ချစ်စိတ်တွေများလွန်းသော သေအဲ့ဆဲဆဲသတ္တ၀ါမှာချည်ထားတဲ့ အကျွန့် နှလုံးကိုဖမ်းစားပါ။ လက်ရာမြောက်လှတဲ့အဆုံးမဲ့နေရာကိုခေါ်သွားပါ။


ငါ့ရဲ့ ရုပ်ခန္ဓာကိုဘယ်အခါမှ သဘာဝတရားကနေမယူတော့။

ဂရိပန်းထိမ်ဆရာ တူနဲ့ ရိုက်ထားသောရွှေ၊ ကွပ်ထားသောရွှေ နဲ့ ခန္ဓာကိုယ်ကိုရခဲ့ရင်တော့

အိပ်ငိုက်လုပြည်ထောင်ရှင်ကိုဖျော်ဖြေဖို့ ရွှေသစ်ကိုင်းမှာထိုင်လို့  ဘိုင်ဇမ်တီရမ်ရဲ့  အရှင်နဲ့ ကြင်ရာတော်များသို့  ဖြစ်ပြီးသော၊ ဖြစ်နေသော၊ ဖြစ်လုသော အရာများရဲ့  သီချင်းကိုဆိုမယ်။


(Sailing to Byzantium by W.B Yeat
ကိုဘာသာပြန်သည်။)


Sailing to Byzantium

That is no country for old men. The young
In one another's arms, birds in the trees
- Those dying generations - at their song,
The salmon-falls, the mackerel-crowded seas,
Fish, flesh, or fowl, commend all summer long
Whatever is begotten, born, and dies.
Caught in that sensual music all neglect
Monuments of unageing intellect.

An aged man is but a paltry thing,
A tattered coat upon a stick, unless
Soul clap its hands and sing, and louder sing
For every tatter in its mortal dress,
Nor is there singing school but studying
Monuments of its own magnificence;
And therefore I have sailed the seas and come
To the holy city of Byzantium.

O sages standing in God's holy fire
As in the gold mosaic of a wall,
Come from the holy fire, perne in a gyre,
And be the singing-masters of my soul.
Consume my heart away; sick with desire
And fastened to a dying animal
It knows not what it is; and gather me
Into the artifice of eternity.

Once out of nature I shall never take
My bodily form from any natural thing,
But such a form as Grecian goldsmiths make
Of hammered gold and gold enamelling
To keep a drowsy Emperor awake;
Or set upon a golden bough to sing
To lords and ladies of Byzantium
Of what is past, or passing, or to come.

ဆယ်လီပန်းခြံထဲမှာ



ဆယ်လီပန်းခြံထဲမှာချစ်သူနဲ့ အတူတွေ့ ခဲ့ရ
နှင်းပွင့်လိုဖြူတဲ့ခြေဖ၀ါးလေးတွေနဲ့ ဆယ်လီပန်းခြံကိုသူဖြတ်လာခဲ့
ချစ်ခြင်းကိုစိတ်မလေးပါနဲ့  သစ်ပင်ဆိုသစ်ရွက်တော့ရှိနေမှာပါတဲ့
ငယ်ရွယ်ရူးသွပ်တဲ့ငါ လက်မခံနိုင်ခဲ့

မြစ်နံဘေးကလွင်ပြင်မှာချစ်သူနဲ့ အတူရပ်ခဲ့ကြ
နှင့်ပွင့်လိုဖြူတဲ့လက်ဖ၀ါးလေးတွေကို ငါ့ပုခုံးပေါ်မှာသူတင်တယ်
ဘ၀အတွက်ရင်မလေးပါနဲ့  ရေတံခါးမှာမှာရှင်နေတဲ့မြက်ပင်တွေလိုပါတဲ့
ငယ်ရွယ်ရူးသွပ်ပြီး လက်မခံနိုင်ခဲ့တဲ့ငါ အခုတော့မျက်ရည်များစွာနဲ့ ပါ။

(Down by the Salley Gardens by W.B Yeats ကိုဘာသာပြန်သည်)

Down by the salley gardens
Down by the salley gardens my love and I did meet;
She passed the salley gardens with little snow-white feet.
She bid me take love easy, as the leaves grow on the tree;
But I, being young and foolish, with her would not agree.
In a field by the river my love and I did stand,
And on my leaning shoulder she laid her snow-white hand.
She bid me take life easy, as the grass grows on the weirs;
But I was young and foolish, and now am full of tears.


Friday, December 4, 2009

နှင်းမှုန်ကြားမှာတွေဝေမိခြင်း

ကျီးကန်းတွေအော်သံ
မှန်မှန်ကြားနေရတဲ့ ဒီအခန်း
ငါလွမ်းပြီး ပိတ်မိနေတယ်။
မှားခြင်းမှန်ခြင်း မျဉ်းတစ်ကြောင်းက
ငါ့ရင်ဘတ်ကိုကန့် လန့် ဖြတ်လို့ 
မချိုမြိန်တဲ့ချစ်သူ့ စကား
နားထဲမှာပဲ့တင်ထပ်လို့ 
အလွှာပေါင်းများစွာရစ်ဖွဲ့ သီ။
ဒီရာသီ ဒီဆေး မတည့်သေးတော့လည်း
ဒီဆောင်းထဲမှာခံဦးပေါ့။
ရင်နာတယ်။
မျှော်လင့်ခြင်းနဲ့ မျှော်လင့်သူ
ထပ်တူမကျတဲ့ဆုံးဖြတ်ချက်တွေ
ကံဆိုးတွေကျေပါစေတော့
ဘုရားမှာဆုတောင်းဖူးတာလဲမပြည့်
နေ့ တွေမှာကြောင်တောင်တောင်ဖြစ်နေရတဲ့ကောင်ပါ။
ချစ်သူနဲ့ သီခဲ့ဖူးသောကဗျာကိုပြန်ဆိုရင်း
ဒီနှင်းမှုန်ကြားမှာတွေဝေမိခြင်း။