ဘ၀ကိုရိုးသားစွာနေဖို့ ငါသင်တယ်

ငါ့ကိုငါ ရိုးသားတန်ဖိုးစွာနေထိုင်ဖို့ နဲ့ 
ကောင်းကင်ကိုကြည့်ဖို့ နဲ့  ဘုရားသခင်ကိုတောင့်တဖို့ ရာ
ညနေထဲမှာလျှောက်သွားနေဖို့ ရာ
ငါ့ရဲ့မဆုံးနိုင်တဲ့ပူပင်မှုတွေကို လျှော့ချဖို့ ရာ
ငါ့ကိုယ်ငါပြန်သင်တယ်။
ဗားဒေါ့ဒ် ပင်တွေတောင်ကြားမှာတိုးဝှေ့ နေကြတုန်း
ဝါနီရောင် ရွန်ဘယ်ရီ တွေအခက်လိုက်ညွတ်နေတုန်း
ဘ၀ရဲ့ ယိုယွင်းမှု ယိုယွင်းမှုနဲ့ အလှတရား
ပျော်ရွှင်ဖွယ်ကဗျာစာပိုက်တွေငါသီဖွဲ့ လို့ 
ငါပြန်လာတယ်
အမွေးပွကြောင်လေး ငါ့လက်ကိုလျက်ပြီး
တိုးတိုးလေးအသံပြုတယ်
ကန်နံဘေးက သစ်ခွဲစက်ပေါ်မှာ
မီးတွေကထိန်ညီးစွာတောက်ပနေတယ်
ခေါင်မိုးပေါ်လာနားတဲ့ ဗျိုင်းတွေရဲ့ အော်သံတွေကသာ
ဆိတ်ညိမ်မှုကိုတစ်ခါတစ်လေထိုးဖေါက်တယ်
နင် ငါ့တံခါးကိုခေါက်ရင်
ငါကြားချင်မှကြားမယ်
(I taught myself to live simply - Anna Akmatova ) ကိုဘာသာပြန်သည်။
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home