ကောင်းကင်ရဲ့ အ၀တ်များကိုတောင့်တခြင်း
ငါ့မှာ ကောင်းကင်ရက်ဖောက်တဲ့
ရွှေရောင်အဆင်း၊ငွေရောင်အဆင်းသီ
အ၀တ်ခြည်တွေရှိတယ်။
အပြာရောင်၊ အရောင်ဖြော့၊
ညရဲ့အမှောင် အရောင်မည်း
အ၀တ်ပေါင်းများစွာကို မင်းရဲ့ ခြေရင်းမှာ ဖြန့် ခင်းမယ်။
ဒါပေမယ့်
ငါကဆင်းရဲတော့
ငါ့အိပ်မက်တွေကိုသာဖြန့် ခင်းရမှာပေါ့
မင်းလမ်းလျှောက်ရင် ဖြေးဖြေးလျှောက်ပါ
ငါ့အိပ်မက်တွေပေါ်မှာအသာအယာလေးလျှောက်တာမို့ ။
(W.B Yeats - Aedh wishes for the cloths of heaven) ကိုဘာသာပြန်ခံစားသည်။
1 Comments:
ကောင်းပ။
ကျွန်တော်တော့မရေး တာကြာနေပြီ.....
Post a Comment
Subscribe to Post Comments [Atom]
<< Home