ချစ်သူတို့ ဖြင့်ပြည့်နှက်သောတောင်ကြားလမ်းလေးပုံပြင်

သက်ပြင်းချသံလေးနဲ့ အတူ
တောင်ကြားလမ်းလေးမှာမတ်တပ်ရပ်နေရတယ်လို့  ငါအိပ်မက်မက်ခဲ့
ငါ့ဘေးနားကချစ်သူစုံတွဲတွေဖြတ်သန်းသွားကြလေရဲ့ ..
တိတ်ဆိတ်စွာတောတန်းလေးထဲကထွက်လာတဲ့ ပျောက်သွားတဲ့ချစ်သူ
တိမ်ရောင်ဖျော့မျက်ခွံတွေ အိပ်မက်အရောင်ဖျော့မျက်လုံးတွေပေါ်ကျနေတဲ့
အဲဒီ ချစ်သူ ကိုမှ အိပ်မက် မက်ခဲ့ရ
ငါအိပ်မက်ထဲမှာအော်လိုက်တယ်
မိန်းမပျိုတို့ .. သူတို့ ရဲ့ ခေါင်းကို မင်းတို့ ပေါင်ပေါ်တင်လို့ 
သူတို့ မျက်လုံးများကို မင်းတို့ ဆံခြည်တွေနဲ့ နှစ်မြှုပ်ပြစ်ပါ။
မိန်းမပျိုလေး ကိုသတိရလိုက်ရင်
တစ်ခြားဘယ်မျက်နှာကိုမှ လှတယ်မထင်တော့နိုင်တာကတော့
ဒီတောင်ကြားလမ်းလေး လေထဲတိုးဝင်ပျောက်ဆုံးသွားတဲ့အချိန်အထိ . .။
(W.B Yeats - Aedh Tells of a Valley Full of Lovers) ကိုဘာသာပြန်သည်။
3 Comments:
Ahaha. I wonder..why u choose this particular poem to re-interpreted.
Nice work!
hummm.. i wander in the valley after reading urs..!
original ဖတ်ရရင်ပိုကောင်းမယ်နဲ့ တူတယ်။ :P
Post a Comment
Subscribe to Post Comments [Atom]
<< Home